ဝန်ဆောင်မှုဆိုင်ရာ စံချိန် စံညွှန်း များနှင့် လိုက်နာရန် ကန့်သက်ချက်များ

Web Master Company သည် သက်ဆိုင်ရာ IT, Website Design, Domain, Email, Hosting, CMS Design, Mobile App, Digital Marketing နှင့် အခြား IT ဝန်ဆောင်မှု လုပ် ငန်း များ အတွက် အောက် ပါ တို့ကို ကန့်သတ် ကာ စံချိန် ၊ စံညွှန်း များ အတိုင်း ဝယ်သူ လုပ်ငန်း ရှင် အပေါင်းကို စီမံ ဆောင်ရွက် ပေး ပါသည်။

၁။ လူကြီးမင်း တို့ဝယ်ယူထား သော Hosting Farm များ အလိုက် Server များ ၏ Resources Usage Policy ကို ကန့်သတ် ကာ စီမံ ဆောင်ရွက် ပေး ပါသည်။

၂။ Hosting Farm(s) များ တွင် Disk Usage Quota, Bandwidth Usage of Server(s), Email Account(s), Mailing List(s), Numbers of Database(s), Cache & Media File Size Usage Policies, FTP Account(s), Email Attachment File Size(s), Sub-Domain, Park Domain, Add-On Domain, Hourly Sending email amount(s), Email Account Quota Size(s), နှင့် Resource Distribution များ ကို သက်ဆိုင်ရာ Farm(s) ၏ ဈေးနှုန်းအလိုက် ကန့်သတ် စီမံတည်ဆောက်ထား ပါသည်။

၃။ သတ်မှတ်ထား သော IP Address ကို ထပ်မံ ပြီး ကိုယ်ပိုင် IP များ နှင့် တည်ဆောက် လို ပါက Customized အထူးပြုလုပ် ဝန် ဆောင် သော Web Master Company ၏ စီ မံ မှု ကို ဆောင်ရွက် ရမည် ဟု ကန့် သတ် ထား ပါသည်။

၄။ Source Code(s) နှင့် Plugin/Modules စသည် တို့အတွက် Security Feature များ ကို နည်းပညာတိုး တက် မှု နှင့် အတူ တတ်အားသမျှ လိုက်နာ ပြီး Security Patch တို့ကို အစဉ် Update လုပ် ဆောင်ခြင်း များ ကို Web Master Company မှ အစဉ် ဆောင်ရွက် လျှက်ရှိပါသည်။

၅။ Server(s) များ ကို ယင်းတို့၏ သက်ဆိုင်ရာ Data Center(s) များ တွင် ထား ရှိပြီး ယင်း ဝန်ဆောင်မှု သည် Web Master Company နှင့် Data Center(s) အဖွဲ့အစည်း Companies နှင့် အစဉ် Web 4.0 မူဝါ ဒ တို့ကို လိုက် နာ ကာ အထူး ကြပ်မတ် ဆောင်ရွက် ပါသည်။

၆။ ဝယ်ယူသူ အဖွဲ့အစည်းများ သည် Web Master Company ၏ ဝန်ဆောင်မှု ကို အသုံး ပြု ပြီး Company ၏ Data Center များ မှ Servers များ ၏ လုံခြုံရေး ဆိုင်ရာ အချက်အလက်များ ကို ဖောက်ယူ ခြင်း၊ ပျက်ဆီးစေခြင်း၊ မလုံခြုံ သော Codes များ နှင့် Modules / Plugin များ ထည့် သွင်း လုပ်ဆောင်ပါက ယင်းဝယ်ယူ သူ ၏ သက်ဆိုင်ရာ Account ကို ရပ်ဆိုင်း ပြီး ထို လုံခြုံမှု ကို လျော့ကျ စေ သော Codes များ နှင့် Modules / plugin များ ကို စနစ်တကျဖယ်ရှား ပြီး မှ သာလျှင် သက်ဆိုင်ရာ Account ကို ပြန်လည် သုံးစွဲ ခွင့်ပြု မည်ဖြစ်ပါသည်။

၇။ အမှတ်စဉ် ၆ ပါ ဆောင်ရွက်မှု တို့ကြောင့် သက်ဆိုင်ရာ Account မှ Features များ၊ Codes များ နှင့် Plugin/modules များ ပျက်ဆီး ပါက Web Master Company မှ တာဝန်ယူ ဖြေရှင်းမည် မဟုတ်ပါကြောင်း အသိပေးလို ပါသည်။

၈။ Server(s) Downtime ကို ZERO အဖြစ် နှင့် ၅ နှစ် ဆက်တိုက် ရပ် တည် လာ ခဲ့ ပြီး ယင်း စံနှုန်း ထက်မနည်း ပဲ ဆက်လက်ဆောင်ရွက် တာဝန်ယူ ဆောင် ရွက် သွား ပါမည်။

၉။ အကယ်၍ downtime တစုံတရာ ပေါ်ပေါက်လာ ပါက အကြောင်း တရားကို စစ် ဆေး စီမံ ပြီး ဝယ်ယူ သူများကို တာဝန် ယူ ဖြေရှင်း ပေးမည်ဖြစ်ပါသည်။ ဥပမာ။ ။ Data center(s) and/or server(s) ကြောင့် Downtime ဖြစ် ပွား ပါက မိမိ တို့Web Master Company မှ ယင်းလအတွက် Hosting Fee ကို အခမဲ့ ဝယ် ယူ သူ အပေါင်း ကို အသုံး ပြု စေ မှာ ဖြစ် ပါတယ်။

၁၀။ Web Master Company ၏ Server(s) များ သည် Security အလွန် မြင့် မား ခြင်း ကြောင့် ဝယ် ယူ အပေါင်း သည် မိမိတို့၏ သက်ဆိုင်ရာ Account(s) နှင့် Cpanel / Website CMS / E-Support / ERP / SAP တို့ကို မှား ယွင်းစွာ ဝင် ရောက် ခြင်း ၅ ကြိမ် ထက် ကျော်လွန် ပြီး လုပ် ဆောင် ပါက မိမိ Network ၏ IP ကို အလိုအလျှောက် တားဆီး ပိတ် ပင် မည် ဖြစ် ပါသည်။

၁၁။ အမှတ် စဉ် ၁၀ အတွက် ဖြစ် ပေါ်လာ သော အကျိုး ဆက် ကို ပြန်လည်ပြီး မူလအတိုင်း ဝန် ဆောင်မှု ရယူရန် Web Master Company ၏ Developer Team ကို ဆက်သွယ် ရမည်ဖြစ်ပါသည်။

၁၂။ အသုံးပြု သူများ သည် Hosting Farm(s) များ မှ တဆင့် ကို တဆင့် ထပ်မံ ပြီး မြှင့် တင် လို ပါက Web Master Company ၏ Sales Engineer(s) များ ကို တစ် လ ကြို တင် အကြောင်း ကြားရမှာ ဖြစ် ပြီး ဝန် ဆောင် မှု မြှင့် တင် ခြင်း အတွက် ပါ သတ် မှတ် ထား သော ငွေ ပမာဏကို သက်ဆိုင်ရာ Web Master Company ၏ Account ကို ပေး သွင်း ရမည် ဖြစ် ပါသည်။

၁၃။ ဝန် ဆောင် မှု အနိမ့် မှ အမြှင့် သို့လည်းကောင်း ၊ အမြှင့်မှ အနိမ့် သို့လည်းကောင်း ပြောင်း လို သော အခါ များ တွင် ၁ လ ကြို တင် ပြီး သက်ဆိုင်ရာ Sales Engineer(s) ကို အသိပေးရမည် ဖြစ် ပါသည်။ Domain ကို ရွေ့ပြောင်း လို ပါ က အနည်း ဆုံး ယင်း Domain သက် တမ်း သည် ၆ လ ကျော်မှ သာ ပြောင်းလဲ ခွင့် ရှိပါသည်။ ထို မူဝါဒသည် သက်ဆိုင် ရာ ICANN အဖွဲ့ကြီး ၏ နိုင်ငံတကာ သတ်မှတ်ထား သော စံချိန်၊စံညွန်းဖြစ်ပါသည်။

၁၄။ Domain Transfer ကို လည်း Incoming နှင့် Outgoing Transfer အဖြစ် သတ်မှတ်ထား ပြီး Outgoing Domain Transfer အတွက် EPP Code တောင်းဆို မှု အတွက် ဝန်ဆောင်ခ ၃ သောင်း ပေးသွင်းကာ ရယူရမည် ဖြစ်ပါသည်။ Incoming Domain Transfer အတွက် သက်ဆိုင်ရာ Sales Engineer(s) များ ကို ဆက်သွယ်ပြီး ဆောင်ရွက်ရပါမည်။

၁၅။ Control Panel ဝန် ဆောင်မှု များ ရယူ  “မ”  ထား သော Customer(s) များ သည် Domain သက် တမ်း တိုး ခြင်း အား ၃ လ (၉၀ ရက်)  ကြိုတင် ပြီး  (၁) နှစ် (သို့) ၃ နှစ် အတွက်  ငွေပေးချေ  ဝယ်ယူ မှု ကို အတည်ပြု ရ ပါမည်။ Control Panel နှင့် ကိုယ် တိုင် မိမိတို့ ပါ သာ ဖန် တီး နေ သော Customer(s) များ သည် ၂ လ (၆၀ ရက်) ကြို တင် ပြီး (၁) နှစ် (သို့) ၃ နှစ် အတွက်  ငွေပေးချေ  ဝယ်ယူ မှု ကို အတည်ပြု ရ ပါမည်။ Domain ၏ သက်တမ်း ၁ လ (၃၀ ရက်) နှောင်း ပိုင်း မှ သက်တမ်း တိုး ရန် လုပ် ဆောင် လာ သော CSD ၏ ဝန် ဆောင် မှု သည် ယင်း Domain ထပ်မံ ရရှိ နိုင် ခြင်း အ ပေါ် အပြည့် အဝ အာမ ခံ ပေး နိုင် မည် မဟုတ် ပါ။ ထို ကြောင့်Domain သက် တမ်း တိုး ခြင်း ကို အထူး (အထူး) ကြို တင် ပြီး စီမံ ဆောင် ရွက် ကြ ပါ ရန် တိုက် တွန်း နှိုးဆောင် အပ် ပါသည်။

၁၆။ Web Master Company မှ အချို့လ နှင့် ရာ သီအချိန် အခါ များ တွင် ပြုလုပ် သော Discount ပေး ကမ်းလှမ်းမှု များ သည် ယင်း Discount ကာလနှင့် ပေးသော Hosting Farm(s) သီးခြား သော်လည်းကောင်း ၊ အခြား သီး ခြား ဝန်ဆောင် မှု ကို သာ လျှင်သော်လည်း ကောင်း ကမ်း လှမ်း ထား ခြင်း ဖြစ် ပြီး လက်ရှိဝယ် ယူ ထား သော Hosting Farm(s) (သို့) Package Features များ နှင့် အလျှင်း သက်ဆိုင် ခြင်းမရှိစေရ။ သို့သော် ထပ်မံ ပြီး Discount Pack(s) နှင့် Farm(s) တို့ကို ဝယ် ယူ လို ပါ က လက်ရှိ ဝယ်ယူ ထား သော Account သို့သက်ဆိုင် Sales Engineer(s) များ နှင့် တိုင် ပင် ကာ လိုအပ် သ လို ဝယ် ယူ ဆောင်ရွက် နိုင်ပါသည်။

၁၇။ Web Master Co., Ltd နှင့် ဝယ်ယူသူ အကြားတွင် အမှု အခင်း တစုံတရာ ဖြစ်လာပါက လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံ၏ ဥပဒေအတိုင်းသာ စီမံ ဆောင်ရွက်စေရပါမည်။

၁၈။ ဝယ်ယူသူ မှ Web Master Co., Ltd ၏ ဝန် ဆောင်မှု များ ကို မြန်မာ နိုင်ငံ ဥပဒေနှင့်မညီဘဲ ဆောင်ရွက် လုပ် ကိုင်မှုများ ကို ပြုလုပ် လာ ပါက Web Master Co., Ltd သည် ယင်း ဝယ် ယူသူ ၏ ဝန်ဆောင်မှု Account နှင့် သက်ဆိုင်သော ဝန် ဆောင်မှု အားလုံး ကို အပြီး အပိုင်ရပ် ဆဲ ပိတ် ပင် သွား မည် ဖြစ် ပါသည်။

၁၉။ ဝယ်ယူသူ မှ Web Master Co., Ltd ၏ ဝန်ဆောင်မှု ဆိုင်ရာ PACKAGES များ ကို မြန်မာနိုင်ငံ ၏ ဥပဒေနှင့် မလျှော်ညီအောင် ပြုလုပ် သုံးစွဲ နေ ခြင်း ကို သိရှိပါက ယင်း ဝယ်ယူသူ၏ ACCOUNT ကို ကန့် သတ်ခြင်း၊ ပိတ်ပင်ခြင်း ၊ ရပ်ဆိုင်းခြင်း များပြုလုပ်မည်။

၂၀။ ဝယ်ယူသူ သည် WEB MASTER CO., LTD ၏ ဝန်ဆောင်မှု ကို မြန်မာနိုင်ငံ၏တည်ဆဲ ဥပဒေနှင့် အညီ အသုံး ပြု ခြင်းမရှိခဲ့ခြင်းတို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေကြောင်းအရ အရေး ယူခြင်း ၊ တရားမမှု နှင့် တရားရေးရာ စီစစ်ဆောင်ရွက်စေခြင်းများ ဖြစ်ပေါ်လာပါက WEB MASTER COMPANY အနေ နှင့် တာ ဝန် ယူ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။

၂၁။ Data Migration ကို Incoming နှင့် Outgoing Migrations အဖြစ် သတ် မှတ် ထား ပြီး Data Migration Services အတွက် ဝန် ဆောင် မှု ကို Online နှင့် Offline အသွင် ဖြင့် ဆောင်ရွက် ပေး ပါသည်။ Outgoing Migration အတွက် ဝန်ဆောင်မှု ကို အခကြေးငွေ ၅ သိန်း ကျပ် (သို့) US Dollar 500 နှင့် ညီ မျှ သော (One-Time Payment) တစ်ကြိမ် ပေး ဝန်ဆောင်မှု အခကြေးငွေ အဖြစ် သတ် မှတ် ထား ပါသည်။ Outgoing Migration အား Web Master Company ၏ ပြင်ပအဖွဲ့အစည်း များ (Third Party Services Providers) မှ ဆောင်ရွက်လို ပါက Request (တောင်းဆိုမှု) အတွက် မြန်မာကျပ်ငွေ ၁ သိန်း ကျပ် (သို့) US Dollar 100 နှင့် ညီမျှသော ပမာဏကို ပေးချေ မှ သာ သက်ဆိုင်ရာ Features များကို ဖွင့် လှစ် လုပ်ဆောင်ခွင့် ပေးပါသည်။ Incoming Migration အား Migration Services Fee အတွက် အခကြေးငွေ ၃ သိန်း ကျပ် (သို့) US Dollar 300 နှင့် ညီမျှသော ပမာဏကို သတ် မှတ်ထား ပါသည်။ Web Master Company ၏ Services ဝန်ဆောင်မှု ကျပ်ငွေ ၃ သိန်း ပမာဏနှင့် အထက် ဝယ်ယူ သော Customers များ အတွက် Incoming Migration Services Fee အား အခမဲ့ (FREE) ပြု လုပ် ဆောင်ရွက် ပေး ပါသည်။

၂၂။ လစဉ် ကြေးဖြင့် ဝယ်သော Customer(s) များသည် မိမိတို့ငွေ ပေးသွင်းရန် အချိန် ထက် ရက်ပေါင်း (၃၀) ကျော်လွန်ခဲ့ ပါက သက်ဆိုင်ရာ Control Panel အားလည်းကောင်း၊ Website နှင့် သက်ဆိုင်သော (Email စသည့်) ဝန်ဆောင်မှု အားလုံး အားလည်းကောင်း ယာယီ ရပ်ဆိုင်းပြီး စာရင်း လက်ကျန်ငွေအားလုံးကို ဖော်ပြပါ Proforma Invoice ပါရှိသော Overdue Date (ငွေပေးရန် နောက်ဆုံး ရက်စွဲ) မှ ရက်ပေါင်း ၆၀ အတွင်းအလျှင်အမြန် ပေးချေ ရ ပါမည်။ (Domain သက်တမ်း တိုးခြင်း အတွက် လုံးဝ (လုံးဝ) မသက်ဆိုင်ပါ)

၂၃။ လစဉ်ကြေးဖြင့် ဝယ်သော Customer(s) များ သည် (Overdue Date) ရက်ပေါင်း (၆၀) ကျော်လွန် ကာ စုစုပေါင်းလက်ကျန်ငွေ အားလုံးကို ပေးသွင်းရန် ပျက်ကွက် ခဲ့ ပါက မိမိတို့Sever(s) များ ရှိ Data အချက်အလက်၊ Sources Codes နှင့် Modules / Plug-In အားလုံး ကို Cost Optimization Data Usage Policy (COD 3.8) အရ အလိုအလျှောက် System မှ ဖျက်ဆီး ပစ်မည် ဖြစ်ပြီး ယင်းအတွက် နစ်နာ ဆုံး ရှုံးသွား သော Data နှင့် Web Design Codes အားလုံး အတွက် Web Master Company သည် မည်သို့မှ ဖြေရှင်း ပေး နိုင် မည် မဟုတ် ပါ။

၂၄။ အမှတ်စဉ် (၂၃) အတွက် ဖြစ်ပေါ်လာ သော Data စွန့်လွတ်မှု (COD 3.8 – Abandonment) အရ သက်ဆိုင်ရာ Domain(s) အသီးသီး အတွက် Customer(s) ၏ Domain Controller Account အား သက်တမ်းကျန်ရှိနေနိုင်သေး သော Domain(s) ၏ လက်ကျန် ရက်ပေါင်း အတွက် ဖွင့်လှစ်ကာ ကန့် သတ် သုံးစွဲ မှု ပြု ထား မည် ဖြစ် ပါသည်။

၂၅။ Hosting Farm ကို Upgrade လုပ် ခြင်း ၊ Downgrade လုပ် ခြင်းများ ကို Open Ticket ဖွင့် ကာ Sales Engineers များ က ဆောင်ရွက် ပေး မည် ဖြစ် ပြီး ယင်း လုပ် ဆောင်မှု အတွက် အခမဲ့ (FREE) လုပ် ဆောင် ပေး ပါမည်။ ထို့အပြင် လစဉ် ပေး ရ မည့်အခကြေးငွေ နှင့် နှစ် စဉ် ပေး ထား သော အခကြေးငွေ တို့ ကို Web Master Company မှ ပြောင်းလဲ (Upgrade/Downgrade) သော မူလ (Original) Hosting Farm မှ ကျသင့်ငွေကို ယင်း လ၏ ကျန် ရှိသော ရက် ပေါင်း (သို့) နှစ် ပေါင်း အတွက် ကောက်ခံသိမ်းဆည်း လိုက် ပြီး ကူးပြောင်းသော (Upgrade/Downgrade) Hosting Farm ၏ အခကြေးငွေကို Ticket Request ဆောင်ရွက်ပြီး စီးသော အချိန် ကာလမှ စတင်ကာ လစဉ် (သို့) နှစ် စဉ် ကြေး ကို ကောက်ခံ မည် ဖြစ် ပါသည်။

၂၆။ ဤဝန်ဆောင်မှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်လိုက်နာရန်ကန့်သတ်ချက်များကို Web Master Company မှ အချိန်နှင့်တပြေးညီသင့်လျှော်သလို စီမံပြင်ဆင်ခွင့်ရှိသည်။

အကယ်၍ မကျေနပ်မှု တစ်စုံတရာ ဖြစ်ပေါ်လာ ပါက Web Master Company ၏ info@webmaster.jpn.com သို့Email ပို့တိုင်ကြားနိုင်သလို အောက်ပါ ရုံးလိပ်စာ ၊ ဖုန်း နံပါတ်များ သို့လည်း ဆက်သွယ် ဆောင်ရွက် နိုင် ပါသည်။

ရုံးလိပ်စာ

မလိခ အိမ်ရာ

တိုက်အမှတ် (စီ)၊ အခန်းအမှတ် (၄၀၄)၊ ကျိုက်ဒေးယုံဘုရားလမ်း၊ ဆ/ခ ရပ် ကွက်၊

သင်္ကန်းကျွန်း မြို့နယ်၊ ရန် ကုန် တိုင်း ဒေသကြီး ၊ ပြည်ထောင်စု မြန် မာ နိုင်ငံ ။

ဆောင်ပုဒ်

လူတိုင်း Web တည်ဆောက်နိုင်ရမည်။

Web Master ၏ အားထက်သန်သော Theme Developers ကို ဆက်သွယ် ပါ။